လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့နှင့်(၂၁-၅-၂၀၁၉)ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် မိုးညိုမြို့နယ်တွင် ကျေးရွာအုပ်စု(၁၁)စုတွင် ဖြစ်ပွားခဲ့သော လေဘေးတွင် ပြိုလဲနေအိမ်(၁၃)လုံး၊ အမိုးလန်နေအိမ်(၃၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၉၁၆၀၀၀/-)ကျပ်၊ လူဦးရေ(၄၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၆၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁၃)အိမ်ထောင်စာတို့အား(၂၄-၅-၂၀၁၉)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအစည်းအဝေးခန်းမတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
# ha_sgw
# bgo _may2019