လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၄-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှု အခက်အခဲ ကြုံတွေ့နေရသော ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်နှင့် တောင်ဖီလာရပ်ကွက်ရှိ ပြည်သူများအတွက် ယာယီရေသိုလှောင်ကန် ပြုလုပ်ပေးနိုင်ရန် (၁၅x၁၅) ပေပတ်လည် မိုးကာစ (၃၇) ချပ်နှင့် ရေခပ်ပုံး (၃၇) ပုံးအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရေဖြန့်ဝေရေး ကော်မတီတာဝန်ခံများထံသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#sgg_may2019
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)