Category Archives: News
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက် နေ့နှင့် (၂၆-၅-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ အုပ်စု၊ ထန်းကုန်းကျေးရွာအုပ်စု၊ တောက္ကရှပ် ကျေးရွာအုပ်စု၊ ဆူးပုတ်ကုန်းကျေးရွာအုပ်စုတို့ရှိ အမိုးလန် လူနေအိမ် (၁၀) လုံးနှင့်ပြိုကျအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၅,၀၀၀) ကျပ်နှင့် ပြိုကျအိမ် (၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၈-၅-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #sgg_may2019 Source: ကန့်ဘလူရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပွင့်ဖြူမြို့နယ်၊ ကျေးရွာ (၂၀) ရွာတို့တွင် အမိုးလန် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် (၂၀၀၀၀၀) ကျပ်၊ ဓမ္မာရုံ (၁) လုံးအတွက် (၅၀၀၀၀) ကျပ်၊ ပြိုကျအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀)၊ အမိုးလန်အိမ်ခြေ (၄၂၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၄၀၀၀၀၀) ကျပ်၊ လူဦးရေ (၁၇၅၃) ဦးအတွက် … Read more
-
လေဘေးထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကန်တော်ကျေးရွာအုပ်စု၊ ရေခါးကျေးရွာတွင် (၂၇-၅-၂၀၁၉) ရက်နေ့ (၁ရး၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၃) လုံး၊ အမိုးလန်အိမ် ထောင်စု (၂) စုနှင့် ပြိုကျအိမ်ထောင်စု (၁) စု လေဘေးသင့်ခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ ပြိုကျအိမ်ထောင်စု (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၁၅၀၀၀) ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၅-၅-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ် ကျေးရွာအုပ်စု၊ အောက်တိပ်ကွင်းကျေးရွာတွင် လေဘေးဖြစ်ပွားခဲ့ရာ (၂၈-၅-၂၀၁၉)ရက်နေ့တွင် ပြိုလဲအိမ် (၂) အိမ် အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စုစာ၊ ဆန်နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၁၀,၀၀၀) ကျပ်တို့ကို ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော စလင်းမြို့နယ်၊ ကျေးရွာ (၁၆) ရွာတို့တွင် အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် (၁၀၀၀၀၀)ကျပ်၊ ပြိုကျအိမ်ခြေ (၁၅) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀၀)၊ အမိုးလန်အိမ်ခြေ (၈၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၃၄၀၀၀၀၀) ကျပ်၊ လူဦးရေ (၄၀၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၅၂၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၂၈.၅.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးဦးသောင်းရွှေမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းခဲ့ပါကြောင်းနှင့် မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်ဌာနများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၅.၅.၂၀၁၉)ရက်နေ့နှင့်(၂၇.၅.၂၀၁၉)တို့တွင်လေပြင်းတိုက်ခတ်မှုကြောင့် ညောင်တုန်းနှင့်ဓနုဖြူမြို့နယ်တို့တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ရာ (၂၅.၅.၂၀၁၉)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၃)ရွာ၌ ဖြစ်ပွားခဲ့ သော လေပြင်းတိုက်ခတ်မှုကြောင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၁၆)လုံး၊ အိမ်ထောင်စု(၁၆) စုစာ အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၈၀၀,၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေး(၉၀)ဦးအတွက် ဆန်ရိက္ခာ ပစ္စည်းဖိုး(၁၈၉,၀၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၉၈၉,၀၀၀) ကျပ်တို့ကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ သပြုရေလည်ကျေးရွာအုပ်စု၊ ရွှေဒင်္ဂါကျွန်းကျေးရွာ၌(၂၅.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့ သည့် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၆၀၀,၀၀၀)စုစုပေါင်းလူဦးရေ(၅၇) ဦးအတွက်ဆန်ရိက္ခာပစ္စည်းဖိုး (၁၁၉,၇၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၇၁၉,၇၀၀)ကျပ်အား … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ လက်ပံဆိပ်ကျေးရွာအုပ်စု၊ ကျေးရွာ (၃) ရွာတို့တွင် (၂၆-၅-၂၀၁၉) ရက်နေ့၌ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၅) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေစုစုပေါင်း (၂၆) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၅၄၆၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၅) … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၁း၀၀) အချိန်အထိ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာတွင် ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန် / ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၃၁၀) ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_may2019 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၁၉) ဖွင့်လှစ်ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် ပေါင်းတည်မြို့နယ်၌ (၂၈-၅-၂၀၁၉)ရက်နေ့တွင် သဘာဝဘေးလျော့ပါး ရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၁/၂၀၁၉)ကို သင်တန်းသား/သူ (၃၅)ဦးဖြင့် ပေါင်းတည်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်အတူ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_may2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









