လေဘေးထောက်ပံ့မှုသတင်း

28_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ လက်ပံဆိပ်ကျေးရွာအုပ်စု၊ ကျေးရွာ (၃) ရွာတို့တွင် (၂၆-၅-၂၀၁၉) ရက်နေ့၌ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် (၅) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေစုစုပေါင်း (၂၆) ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၅၄၆၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၂၀၀၀/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၄၆၆၀၀/-) ကျပ်တို့အား (၂၈-၅-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2019

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events