လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

28_Pic_01
 
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၅.၅.၂၀၁၉)ရက်နေ့နှင့်(၂၇.၅.၂၀၁၉)တို့တွင်လေပြင်းတိုက်ခတ်မှုကြောင့် ညောင်တုန်းနှင့်ဓနုဖြူမြို့နယ်တို့တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ရာ (၂၅.၅.၂၀၁၉)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၃)ရွာ၌ ဖြစ်ပွားခဲ့ သော လေပြင်းတိုက်ခတ်မှုကြောင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၁၆)လုံး၊ အိမ်ထောင်စု(၁၆) စုစာ အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၈၀၀,၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေး(၉၀)ဦးအတွက် ဆန်ရိက္ခာ ပစ္စည်းဖိုး(၁၈၉,၀၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၉၈၉,၀၀၀) ကျပ်တို့ကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ သပြုရေလည်ကျေးရွာအုပ်စု၊ ရွှေဒင်္ဂါကျွန်းကျေးရွာ၌(၂၅.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့ သည့် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၁၂)လုံး၊ အိမ်ထောင်စု(၁၂)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၆၀၀,၀၀၀)စုစုပေါင်းလူဦးရေ(၅၇) ဦးအတွက်ဆန်ရိက္ခာပစ္စည်းဖိုး (၁၁၉,၇၀၀)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၇၁၉,၇၀၀)ကျပ်အား ညောင်တုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးလည်းကောင်း၊ ဓနုဖြူမြို့နယ်၊ ကမ်းငူကြီး၊ သပြုနှင့် ရေပေါက်ကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၃) ရွာ၌ (၂၅.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၄)လုံး အိမ်ထောင်စု(၄)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၄၀၀,၀၀၀)ကျပ်နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၉)လံုံး၊ အိမ်ထောင်စု(၉)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၇၀,၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေ(၅၉) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၁၂၃,၉၀၀)ကျပ်နှင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် ကယ်ဆယ်ရေးရန်ပုံ ငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၉၉၃,၉၀၀)ကျပ်တို့ကို (၂၈.၅.၂၀၁၉) ရက်နေ့(၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရှိရပါသည်။
#ha_sgw
#ayy_may2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events