လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၂၈.၅.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးဦးသောင်းရွှေမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းခဲ့ပါကြောင်းနှင့် မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်ဌာနများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။