လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

28_Pic_01
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉) ရက် နေ့နှင့် (၂၆-၅-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ အုပ်စု၊ ထန်းကုန်းကျေးရွာအုပ်စု၊ တောက္ကရှပ် ကျေးရွာအုပ်စု၊ ဆူးပုတ်ကုန်းကျေးရွာအုပ်စုတို့ရှိ အမိုးလန် လူနေအိမ် (၁၀) လုံးနှင့်ပြိုကျအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၅,၀၀၀) ကျပ်နှင့် ပြိုကျအိမ် (၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၈-၅-၂၀၁၉) ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#sgg_may2019
Source: ကန့်ဘလူရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events