လေဘေးထောက်ပံ့မှုသတင်း

28 _ Pic 03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပွင့်ဖြူမြို့နယ်၊ ကျေးရွာ (၂၀) ရွာတို့တွင် အမိုးလန် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် (၂၀၀၀၀၀) ကျပ်၊ ဓမ္မာရုံ (၁) လုံးအတွက် (၅၀၀၀၀) ကျပ်၊ ပြိုကျအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀)၊ အမိုးလန်အိမ်ခြေ (၄၂၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၄၀၀၀၀၀) ကျပ်၊ လူဦးရေ (၁၇၅၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၃၆၈၁၃၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၂၇၃၁၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု (၄) စုစာတို့အား (၂၈-၅-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_may2019

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events