လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကန်တော်ကျေးရွာအုပ်စု၊ ရေခါးကျေးရွာတွင် (၂၇-၅-၂၀၁၉) ရက်နေ့ (၁ရး၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၃) လုံး၊ အမိုးလန်အိမ် ထောင်စု (၂) စုနှင့် ပြိုကျအိမ်ထောင်စု (၁) စု လေဘေးသင့်ခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ ပြိုကျအိမ်ထောင်စု (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၁၅၀၀၀) ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၃၁၀၀)ကျပ်တို့အား (၂၈-၅-၂၀၁၉) ရက်နေ့ (၁၂း၃၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။
#ha_sgw
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)