လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၅-၅-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဘဝသစ် ကျေးရွာအုပ်စု၊ အောက်တိပ်ကွင်းကျေးရွာတွင် လေဘေးဖြစ်ပွားခဲ့ရာ (၂၈-၅-၂၀၁၉)ရက်နေ့တွင် ပြိုလဲအိမ် (၂) အိမ် အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စုစာ၊ ဆန်နှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၁၀,၀၀၀) ကျပ်တို့ကို ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)