Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၅.၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီမှ (၁၆း၀၀) နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ/သားများ စုစုပေါင်းအင်အား(၁၅၀)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး ယင်းဟောပြောပွဲသို့ တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားသောက်ဖွယ်ရာများပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2019 Source : ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ၊သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်မှုသတင်း
(၃၀-၅-၂၀၁၉) ရက်နေ့ ၊သာကေတမြို့နယ် မိုးလုံလေလုံအားကစားကွင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ မြန်မာနိုင်ငံငလျင်ကော်မတီ ၊Plan International Myanmar၊ UN-Habitat၊ မီးသတ်တပ်ဖွဲ့၊မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့( Yangon Rescue Organization -YRO) အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူလူထု (၃၀၀) ဦးခန့်ဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ် ခဲ့ပါကြောင်း သိရှိရပါသည်။ #ar_eqk_simex #ygn_may2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၄: ၀၀) အချိန်တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မဲခေါင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပက်သက်သည့် ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲထုပ်များ ဝေပေးခဲ့ရာ ဟောပြောပွဲသို့ ကျေးရွာသူ/သား၊ ကျောင်းသား/သူများ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2019 Source : ပြည်ခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် (ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ) မြို့နယ်တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပါသဖြင့် (၂၉.၅.၂၀၁၉) ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေများအား အောက်ပါအတိုင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။ (၁) ညောင်တုန်းမြို့နယ် သပြုရေလယ်ကျွန်း ကျေးရွာအုပ်စု၊ ရွှေဒင်္ဂါးကျွန်းကျေးရွာ၌ (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁)လုံး အိမ်ထောင်စု (၁) စု အတွက် အိမ်ထောင်စုတစ်စုလျှင်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး Care Myanmar … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၇-၅-၂၀၁၉)ရက်နေ့ ညနေ(၅)နာရီ၌ ဒေးဒရဲမြို့နယ်၊ လမုဝ ကျေးရွာအုပ်စု၊ ကနစိုကွင်းကျေးရွာတွင် မိုးကြိုးထိမှန်၍သေဆုံးသူ(၁)ဦးအတွက် (၃၀၀,၀၀၀) ကျပ်နှင့် စက်ကွင်းမိဒဏ်ရာရဆေးရုံတက်ရသူ(၁)ဦးအတွက် (၅၀,၀၀၀)ကျပ်တို့ကို (၃ဝ-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ဒေသသို့ ကွင်းဆင်း၍သေဆုံးသူနှင့် ဒဏ်ရာရသူမိသားစုဝင်များအား သွားရောက်ထောက်ပံ့မှု ပေးအပ်ခဲ့ပြီး နှစ်သိမ့် အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်ကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာ၌ (၃၀-၅-၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်မှ(၁၅း၀၀)နာရီအချိန်ထိ ပြည်သူများသဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်သူလူထု(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar # npw_may2019
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ကြို့ကုန်းကျေးရွာတွင်(၂၉-၅-၂၀၁၉)နေ့တွင်ဖြစ်ပွားသော ကမ်းပြိုဘေး ကြောင့် ဘေးသင့်အိမ်ခြေ(၁၆) လုံး၊ အိမ်ထောင်စု(၁၆)စုရှိလူဦးရေ(၈၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုး(၁,၆၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၀,၆၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၇၈,၀၆၀)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၃၀-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ မြို့သစ်ကျေးရွာ၊ ပေကုန်းကျေးရွာနှင့် သရက်ချောင်းကျေးရွာတို့တွင် (၂၈.၅.၂၀၁၉) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း နှင့် နေအိမ်(၁၆)လုံး အမိုးလန်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စု၊ လူဦးရေစုစုပေါင်း(၆၂)ဦး၊ လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၆၂) ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၃၀၂၀၀)၊ အမိုးလန်နေအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၄၀၀၀၀) နှင့် ဘုန်းတော်ကြီးကျောင်း(၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀) ရန်ပုံငွေစုစုပေါင်း … Read more
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေ ရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(အရှေ့ပိုင်း)နှင့် ဦးကျော်စိန်(တဲတိုက်) ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၀)လုံး၊ အိမ်ထောင်စု (၁၂၀) စု၊ လူဦးရေ (၆၁၂)ဦးတို့အတွက် သောက်သုံး ရေဂါလံ (၆,၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၃၀.၅.၂၀၁၉) ရက်နေ့၌ သရက်မြို့နယ်၊ ပြရေကျေးရွာအုပ်စု၊ စက်တောင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ကျေးရွာပြည်သူလူထု (၆၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ဆပ်ပြာမှုန့်ထုပ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2019 Source : သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









