ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ၊သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ်မှုသတင်း

31_Pic_0231_Pic_01 31_Pic_03

(၃၀-၅-၂၀၁၉) ရက်နေ့ ၊သာကေတမြို့နယ် မိုးလုံလေလုံအားကစားကွင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ မြန်မာနိုင်ငံငလျင်ကော်မတီ ၊Plan International Myanmar၊ UN-Habitat၊ မီးသတ်တပ်ဖွဲ့၊မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့( Yangon Rescue Organization -YRO) အဖွဲ့တို့ ပူးပေါင်း၍ ပြည်သူလူထု (၃၀၀) ဦးခန့်ဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများပြုလုပ် ခဲ့ပါကြောင်း သိရှိရပါသည်။

#ar_eqk_simex
#ygn_may2019

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events