လေဘေးထောက်ပံ့မှုသတင်း

31_Pic_01

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် (ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ) မြို့နယ်တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပါသဖြင့် (၂၉.၅.၂၀၁၉) ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေများအား အောက်ပါအတိုင်းထောက်ပံ့ပေးအပ်ခဲ့ပါသည်။

(၁) ညောင်တုန်းမြို့နယ် သပြုရေလယ်ကျွန်း ကျေးရွာအုပ်စု၊ ရွှေဒင်္ဂါးကျွန်းကျေးရွာ၌ (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁)လုံး အိမ်ထောင်စု (၁) စု အတွက် အိမ်ထောင်စုတစ်စုလျှင်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး Care Myanmar အလှူ ပစ္စည်းတစ်ခုနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀) နှင့် စုစုပေါင်းလူဦးရေ ( ၇) ဦး အတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၁၄၇၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၁၁၄၇၀၀) အား (၃၀.၅.၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင်ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှူ းရုံး၌၎င်း

 

(၂) ညောင်တုန်းမြို့နယ်၊ သံကြိုးကျေးရွာအုပ်စု (သံကြိုး၊ ရေပြင်းချောင်း)ကျေးရွာတို့၌ (၂၆.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၁၂) အိမ်ထောင်စု (၁၂) စုအတွက် အိမ်ထောင်စုတစ်စုလျင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ Care Myanmar အလှူ ပစ္စည်းတစ်ခုနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၂၀၀၀၀၀) နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၅၃) လုံး အိမ်ထောင်စု(၅၃) စုစာအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၆၅၀၀၀၀) စုစုပေါင်းလူဦးရေး (၂၉၁) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး( ၆၁၁,၁၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄,၄၆၁,၁၀၀) အား (၃၀.၅.၂၀၁၉) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင်ညောင်တုန်းမြို့နယ်အုပ်ချုပ်ချုပ်ရေးမှူးရုံး၌၎င်း

 

(၃) ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု (ပန်းဆိပ်၊ တဇင်) ကျေးရွာ၌ (၂၆.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁) လုံး အိမ်ထောင်စု(၁)စုအတွက် အိမ်ထောင်စုတစ်စုလျင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် Care Myanmar အလှူပစ္စည်းတစ်ခုနှင့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀) နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၂၁) အိမ်ထောင်စု(၂၁) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၅၀၀၀၀) စုစုပေါင်းလူဦးရေ (၈၄) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၁၇၆,၄၀၀) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၃၂၆,၄၀၀) အား (၃၀ .၅.၂၀၁၉) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌၎င်း

 

(၄) ပန်းတနော်မြို့နယ်၊ ကသဝင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၁) လုံး အိမ်ထောင်စု (၁) စု အတွက် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ Care Myanmar အလှူ ပစ္စည်းတစ်ခုနှင့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၀၀၀၀၀) နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၄) လံုံး အိမ်ထောင်စု (၄) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၆၀၀၀၀) စုစုပေါင်းလူဦးရေ (၂၃) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၃၄၈၃၀၀) စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၃၀၈၃၀၀) အား (၃၀.၅.၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့၎င်း

 

(၅) ဓနုဖြူမြို့နယ်၊ (ကျောင်းစု၊ ငါးဘတ်အိုင်၊ တော်ကွဲ၊ သာဧဒေါင့်၊ ရေပေါက်) ကျေးရွာအုပ်စု ကျေးရွာခွဲ (၆) ရွာတို့တွင် (၂၇.၅.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စုအတွက် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၅၀၀၀၀၀) နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၉၇) လုံး အိမ်ထောင်စု (၉၇) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၉၁၀၀၀၀) စုစုပေါင်းလူဦးရေ (၅၂၉) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး(၁,၁၁၀,၉၀၀) အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၅၀၀၀၀) နှင့် ဆေးရုံတက်ရသည့် ဒဏ်ရာရလူနာ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၅၀၀၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆,၆၂၀,၉၀၀) အား (၃၀.၅.၂၀၁၉)ရက်နေ့ (၁၀း၃၀) အချိန်တွင်ဓနုဖြူမြို့နယ်အုပ်ချုပ်ရုံးမှူ းရုံး၌၎င်း ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#ayy_may2019

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events