ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

30_Pic_03
အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ကြို့ကုန်းကျေးရွာတွင်(၂၉-၅-၂၀၁၉)နေ့တွင်ဖြစ်ပွားသော ကမ်းပြိုဘေး ကြောင့် ဘေးသင့်အိမ်ခြေ(၁၆) လုံး၊ အိမ်ထောင်စု(၁၆)စုရှိလူဦးရေ(၈၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုး(၁,၆၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၀,၆၀၀)ကျပ်၊စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၇၈,၀၆၀)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်(၃၀-၅-၂၀၁၉)ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
 
#ha_rbe
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events