မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

 
30_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၇-၅-၂၀၁၉)ရက်နေ့ ညနေ(၅)နာရီ၌ ဒေးဒရဲမြို့နယ်၊ လမုဝ ကျေးရွာအုပ်စု၊ ကနစိုကွင်းကျေးရွာတွင် မိုးကြိုးထိမှန်၍သေဆုံးသူ(၁)ဦးအတွက် (၃၀၀,၀၀၀) ကျပ်နှင့် စက်ကွင်းမိဒဏ်ရာရဆေးရုံတက်ရသူ(၁)ဦးအတွက် (၅၀,၀၀၀)ကျပ်တို့ကို (၃ဝ-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ဒေသသို့ ကွင်းဆင်း၍သေဆုံးသူနှင့် ဒဏ်ရာရသူမိသားစုဝင်များအား သွားရောက်ထောက်ပံ့မှု ပေးအပ်ခဲ့ပြီး နှစ်သိမ့် အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
#ha_tls
#ayy_may2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events