လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်ကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာ၌ (၃၀-၅-၂၀၁၉)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်မှ(၁၅း၀၀)နာရီအချိန်ထိ ပြည်သူများသဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်သူလူထု(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ar
# npw_may2019