လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၅.၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီမှ (၁၆း၀၀) နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ/သားများ စုစုပေါင်းအင်အား(၁၅၀)ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး ယင်းဟောပြောပွဲသို့ တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားသောက်ဖွယ်ရာများပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#bgo_may2019
Source : ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)