
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ မြို့သစ်ကျေးရွာ၊ ပေကုန်းကျေးရွာနှင့် သရက်ချောင်းကျေးရွာတို့တွင် (၂၈.၅.၂၀၁၉) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း နှင့် နေအိမ်(၁၆)လုံး အမိုးလန်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း၊ အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စု၊ လူဦးရေစုစုပေါင်း(၆၂)ဦး၊ လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၆၂) ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၃၀၂၀၀)၊ အမိုးလန်နေအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၄၀၀၀၀) နှင့် ဘုန်းတော်ကြီးကျောင်း(၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀) ရန်ပုံငွေစုစုပေါင်း (၄၉၀၂၀၀) တို့အား (၃၀.၅.၂၀၁၉)ရက်နေ့တွင် အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး/စာရေးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source : သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)