Category Archives: News
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ် ထုံးဘို ကျေးရွာအုပ်စု ပြင်ကြီးကျေးရွာ(၂၇.၅.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျ၍ ပြိုလဲ ပျက်စီးသွားသည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ အိမ်ထောင် စု(၁)စုမှ လူဦးရေ(၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၁၂,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ(၂၁၂,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းပလပ်စတစ်ပုံးပါ(၁၆)မျို း(၁)ပုံးတို့ကို (၃၁.၅.၂၀၁၉)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #bgo_may2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မောင်းသူမဲ့လေယာဉ်များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းဆိုင်ရာ ကြိုတင်ညှိနှိုင်းအစည်းအဝေး ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) မှ ဌာနကြီးမှူး ဦးဆောင်သောအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (မိတ္ထီလာ) ၊ မောင်းသူမဲ့လေယာဉ် သုတေသနဌာနမှ ပါမောက္ခ ဒေါက်တာသဲမောင်မောင်တို့သည် (၃၀-၅-၂၀၁၉) ရက်နေ့မွန်းလွဲ (၂:၃၀) အချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မောင်းသူမဲ့လေယာဉ်များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းဆိုင်ရာ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ပြီး … Read more
-
သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၅.၁၉) ရက်နေ့၌ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ သဘော့ဆိပ် ကျေးရွာတွင် လူဦးရေ (၂၀၀)ဦးကို သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_may2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲအား (၃၀.၅.၂၀၁၉) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ သရက်သုံးပင်ကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာ၌ ကျေးရွာ သူ /သား (၁၅၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲတွင် လက်ကမ်းစာစောင်များ ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_may2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်း(ရွာမ)ကျေးရွာ၌ ကျေးရွာပြည်သူ (၈၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2019 Source : မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉) ရက်နေ့၊ (၁၈း၃၀) အချိန် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပန်းမြောင်းကျေးရွာနှင့် နဂရာကျေးရွာတို့တွင် အမိုးလန်ပျက်စီးသွားသော နေအိမ် (သွပ်မိုး/ ဓနိမိုး/ ဝါးကာ/ ဝါးခင်း) (၅၈) လုံး၊ အိမ်ထောင်စု (၇၃) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၁၆၀၀၀၀)နှင့် လူဦးရေ (၂၉၃) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၆၁၅၃၀၀)၊ စုစုပေါင်း (၁၇၇၅၃၀၀) တို့အား (၃၀.၅.၂၀၁၉) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉)ရက်နေ့ ဘိုကလေးမြို့နယ်၊ကွင်းကြီးကျေးရွာအုပ်စု၊ဆန်းသစ်ဦးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ဒဏ်ရာရရှိခဲ့သူ (၂) ဦးအား တဦးလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀)ကျပ်၊စုစုပေါင်း(၁၀၀,၀၀၀)ကျပ်ကို ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံ တွင် (၃၀-၅-၂၀၁၉)ရက်နေ့ (၁၅:၄၅)နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန် ရှိသူများနှင့်အတူ ထိခိုက်ဒဏ်ရာ ရရှိသူများ၏ မိသားစုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ayy_may2019 Source:ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂၄-၂၅-၅-၂၀၁၉)ရက်နေ့၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကျေးရွာအုပ်စု (၇) စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁၉) လုံးနှင့် အမိုးလန်နေအိမ် (၄၆) လုံးနှင့် ဘာသာရေးကျောင်း (၁) ကျောင်း တို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၉၁၅၀၀၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၁၉) စုရှိ လူဦးရေ (၈၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၈၄၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၅၀၉၉၈၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ် အနောက်ကံတွင်းကျေးရွာအုပ်စု၊ အနောက်ကံတွင်းကျေးရွာတွင် (၂၉.၅.၂၀၁၉) ရက်နေ့ (၁၈:၄၅) နာရီအချိန်၌ မိုးရွာလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ (၁၆) လုံး၊ အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၈၁) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၇၀၁၀၀) အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀)၊ စုစုပေါင်း (၆၂၀၁၀၀)ကျပ်အား ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချူ ပ်ရေးဦးစီးဌာနရုံး၌ (၃၀.၅.၂၀၁၉)ရက်နေ့တွင် ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချူ ပ်ရေးရုံးမှ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉)ရက်နေ့တွင် ရသေ့တောင် မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော အရှေ့မြောက်စခန်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲ ရှောင်အိမ်ထောင်စု (၁၃၈)စုမှ လူဦးရေ(၅၀၇)ဦးတို့အတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ်ရေး ပစ္စည်း (၄)မျိုး (ကျားလုံချည် (၁)ထည်၊မလုံချည် (၁)ထည်၊ တပတ် (၁)ထည၊် တီရှပ် (၂)ထည် -တန်ဖိုး ၉,၈၃ဝ)ကျပ် နှုန်းဖြင့် အိမ်ထောင်စု(၁၃၈)စုအတွက် ကျားလုံချည်(၁၃၈)ထည်၊ မလုံချည်(၁၃၈)ထည်၊ တပတ်(၁၃၈) ထည်၊ တီရှပ် (၂၇၆)ထည်၊ တန်ဖိုးကျပ် … Read more









