လေဘေးထောက်ပံ့မှုသတင်း

31_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉) ရက်နေ့၊ (၁၈း၃၀) အချိန် မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပန်းမြောင်းကျေးရွာနှင့် နဂရာကျေးရွာတို့တွင် အမိုးလန်ပျက်စီးသွားသော နေအိမ် (သွပ်မိုး/ ဓနိမိုး/ ဝါးကာ/ ဝါးခင်း) (၅၈) လုံး၊ အိမ်ထောင်စု (၇၃) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၁၆၀၀၀၀)နှင့် လူဦးရေ (၂၉၃) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၆၁၅၃၀၀)၊ စုစုပေါင်း (၁၇၇၅၃၀၀) တို့အား (၃၀.၅.၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#rke_may2019

Source : မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events