လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) မှ ဌာနကြီးမှူး ဦးဆောင်သောအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (မိတ္ထီလာ) ၊ မောင်းသူမဲ့လေယာဉ် သုတေသနဌာနမှ ပါမောက္ခ ဒေါက်တာသဲမောင်မောင်တို့သည် (၃၀-၅-၂၀၁၉) ရက်နေ့မွန်းလွဲ (၂:၃၀) အချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မောင်းသူမဲ့လေယာဉ်များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းဆိုင်ရာ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ပြီး တောင်နဝင်းဆည်အနီးတဝိုက်အတွက် မောင်းသူမဲ့လေယာဉ်ဖြင့် ကောင်းကင်ဓါတ်ပုံရိုက်ကူးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#bgo_may2019
Source: EOC