လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇.၅.၂၀၁၉)ရက်နေ့ ဘိုကလေးမြို့နယ်၊ကွင်းကြီးကျေးရွာအုပ်စု၊ဆန်းသစ်ဦးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ဒဏ်ရာရရှိခဲ့သူ (၂) ဦးအား တဦးလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀)ကျပ်၊စုစုပေါင်း(၁၀၀,၀၀၀)ကျပ်ကို ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံ တွင် (၃၀-၅-၂၀၁၉)ရက်နေ့ (၁၅:၄၅)နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန် ရှိသူများနှင့်အတူ ထိခိုက်ဒဏ်ရာ ရရှိသူများ၏ မိသားစုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source:ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)