လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၉)ရက်နေ့တွင် ရသေ့တောင် မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော အရှေ့မြောက်စခန်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲ ရှောင်အိမ်ထောင်စု (၁၃၈)စုမှ လူဦးရေ(၅၀၇)ဦးတို့အတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ်ရေး ပစ္စည်း (၄)မျိုး (ကျားလုံချည် (၁)ထည်၊မလုံချည် (၁)ထည်၊ တပတ် (၁)ထည၊် တီရှပ် (၂)ထည် -တန်ဖိုး ၉,၈၃ဝ)ကျပ် နှုန်းဖြင့် အိမ်ထောင်စု(၁၃၈)စုအတွက် ကျားလုံချည်(၁၃၈)ထည်၊ မလုံချည်(၁၃၈)ထည်၊ တပတ်(၁၃၈) ထည်၊ တီရှပ် (၂၇၆)ထည်၊ တန်ဖိုးကျပ် (၁,၃၅၆,၅၄ဝ)ကျပ်၊ လူ (၁)ဦးလျှင် ဆန်ရိက္ခာ(၁)လစာဖိုးကျပ် (၉,၀၀ဝ) ကျပ်နှုန်းဖြင့် လူဦးရေ(၅၀၇)ဦးအတွက် ဆန်ရိက္ခာ (၁)လစာဖိုးကျပ်(၄,၅၆၃,၀၀ဝ) ကျပ်တို့ကို (၃၀-၅-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အတူ တိုက်ပွဲရှောင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)