လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ် အနောက်ကံတွင်းကျေးရွာအုပ်စု၊ အနောက်ကံတွင်းကျေးရွာတွင် (၂၉.၅.၂၀၁၉) ရက်နေ့ (၁၈:၄၅) နာရီအချိန်၌ မိုးရွာလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ (၁၆) လုံး၊ အိမ်ထောင်စု (၁၆) စု၊ လူဦးရေ (၈၁) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၁၇၀၁၀၀) အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀)၊ စုစုပေါင်း (၆၂၀၁၀၀)ကျပ်အား ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချူ ပ်ရေးဦးစီးဌာနရုံး၌ (၃၀.၅.၂၀၁၉)ရက်နေ့တွင် ဆိပ်ဖြူ မြို့နယ်အထွေထွေအုပ်ချူ ပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာအား အနောက်ကံတွင်းကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)