လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

31_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ် ထုံးဘို ကျေးရွာအုပ်စု ပြင်ကြီးကျေးရွာ(၂၇.၅.၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ကုက္ကိုပင်လဲကျ၍ ပြိုလဲ ပျက်စီးသွားသည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀)ကျပ်၊ အိမ်ထောင် စု(၁)စုမှ လူဦးရေ(၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၁၂,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ(၂၁၂,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းပလပ်စတစ်ပုံးပါ(၁၆)မျို း(၁)ပုံးတို့ကို (၃၁.၅.၂၀၁၉)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#bgo_may2019
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events