လေဘေးထောက်ပံ့မှုသတင်း

31_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂၄-၂၅-၅-၂၀၁၉)ရက်နေ့၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကျေးရွာအုပ်စု (၇) စုတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁၉) လုံးနှင့် အမိုးလန်နေအိမ် (၄၆) လုံးနှင့် ဘာသာရေးကျောင်း (၁) ကျောင်း တို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၉၁၅၀၀၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၁၉) စုရှိ လူဦးရေ (၈၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၈၄၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၅၀၉၉၈၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (ပလပ်စတစ်ပုံးအပါ)၊ (၁၉)အိမ်ထောင်စာတို့အား (၃၀-၅-၂၀၁၉) ရက်နေ့တွင် ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#bgo_may2019

Source : ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events