Category Archives: News
-
ကမ်းပြိုဘေးနှင့် ပတ်သက်သည့်ညှိနှိုင်း အစည်းအဝေးပြုလုပ်ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် နောက်မီးကျေးရွာ အုပ်စု၊ ဥပေကျေးရွာ ရာအိမ်မှူးများပါဝင်သော ဥပေကျေးရွာတွင် ကမ်းပါးပြိုဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်များကြိုတင်ပြောင်းရွှေ့မည့် အစီအမံများနှင့်ပတ်သက်၍လည်းကောင်း၊ ကမ်းပြိုဘေးဆက်လက်မဖြစ်ပွားစေရေး ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများ၊ ဖျာပုံမြို့နယ် ဗျိုင်းကဇီး ကျေးရွာ မီးဘေးတွင် မျိုးစပါးများဆုံးရှုံးမှုအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း သည့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ ဦးစီးဌာန အနေဖြင့် ကမ်းပြိုဘေးကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့ပေးနေသည့် နှုန်း ထားများကို … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ပုဂံမျှော် ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၀) လုံး၊ အိမ်ထောင်စု (၁၂၀) စု၊ လူဦးရေ (၆၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ ကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပေါက်မြို့နယ်အတွင်းလေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်း (တ) ကျေးရွာနှင့် ညောင်ဝန်း (မ) ကျေးရွာတို့၌ (၂-၆-၂၀၁၉) ရက်နေ့၊ ညနေ (၁၆:၀၀) အချိန်တွင် လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေပြင်းတိုက်ခတ်မှု့ကြောင် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၅) စုမှ ကျား (၈)ဦး၊ မ(၁၁) ဦး၊ စုစုပေါင်း (၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၁၉)ရက်နေ့နှင့် (၂၉-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၉၄,ဝဝဝ)ကျပ်အား (၄-၆-၂၀၁၉)ရက်နေ့ (၀၉းဝဝ)နာရီအချိန်တွင် သာယာဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ha_sgw #bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့် အရေးအခြေအနေကို ပုံမှန်သုံးသပ်ခြင်း လုပ်ငန်းစဉ် (UPR) ၏ အကြံပြုတိုက်တွန်းချက် များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
၂၀၁၉ ခုနှစ်၊ ဇွန်လ (၃) ရက် UPR အကြံပြုချက်များအနက် ကျား/မတန်းတူရည်တူရှိမှုမြှင့်တင်ရေးနှင့် ထိခိုက်ခံစားလွယ်သော အုပ်စုများကာကွယ်ရေး ဆိုင်ရာ လုပ်ငန်း ကော်မတီနှင့် ခွဲခြားမှုမပြုရေး ဆိုင်ရာ လုပ်ငန်းကော်မတီ(၂)ရပ်၏ အကြံပြုတိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် လူတိုင်းအခြေခံ လူ့အခွင့်အရေးရရှိရေး၊ … Read more
-
ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၆.၂၀၁၉)ရက်နေ့၌ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာမှ သေနတ်ဒဏ်ရာရရှိခဲ့သည့် မနှင်းဝင်းရီအတွက် ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်အား စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီး၌ (၃.၆.၂၀၁၉)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ထုံးတောင် ကျေးရွာ၊ သဲတောကျေးရွာနှင့် ပိဿ လိမ်း(ကျင်း)ကျေးရွာတို့တွင် (၁-၆-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၅)လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ(၂၅)လုံး၊အိမ်ထောင်စု(၂၅)စု၊ လူဦးရေစုစုပေါင်း(၉၃)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၉၃) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၉၅၃၀၀/-)၊ အမိုးလန်နေအိမ်(၂၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၇၅၀၀၀/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၅၇၀၃၀၀ိ/-) ကျပ်တို့အား (၃-၆-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ … Read more
-
မင်းဘူးမြို့နယ်အတွင်းလေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ(၄) ရွာတွင် (၃၁-၅-၂၀၁၉) ရက်နေ့ (၁၆:၃၀) အချိန်၌ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း ၊ အိမ်ခြေ (၂၀) လုံး၊ အမိုးလန် အိမ်ထောင်စု (၂၀) စုတို့ လေဘေးသင့်ခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်ခြေများနှင့် ဘုန်းကြီး ကျောင်းများအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ဝ/-) ကျပ်၊ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)ကော်မတီ၏ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းအဖွဲ့အား လက်ခံတွေ့ဆုံမှုသတင်း
ဇွန် ၃၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းအဖွဲ့နှင့် စင်္ကာပူနိုင်ငံအခြေစိုက် Asia Philanthropy Circle (APC)အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေး … Read more
-
ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးသင်တန်းဖွင့်ပွဲ အခမ်းအနားပြု လုပ်ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း၊ ဟင်္သာတမြို့၌ (၃.၆.၂၀၁၉)နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးသင်တန်းဖွင့်ပွဲ အခမ်း အနားပြုလုပ်ခဲ့ရာ သင်တန်းကျောင်းကျောင်း အုပ်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး UNDPမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ(၄၃)ဦးအပါအဝင် စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #ayy_jun2019 Source: DMTC (ဘစမ)









