လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း၊ ဟင်္သာတမြို့၌ (၃.၆.၂၀၁၉)နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးသင်တန်းဖွင့်ပွဲ အခမ်း အနားပြုလုပ်ခဲ့ရာ သင်တန်းကျောင်းကျောင်း အုပ်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး UNDPမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ(၄၃)ဦးအပါအဝင် စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_eqk
#ayy_jun2019
Source: DMTC (ဘစမ)