လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် နောက်မီးကျေးရွာ အုပ်စု၊ ဥပေကျေးရွာ ရာအိမ်မှူးများပါဝင်သော ဥပေကျေးရွာတွင် ကမ်းပါးပြိုဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်များကြိုတင်ပြောင်းရွှေ့မည့် အစီအမံများနှင့်ပတ်သက်၍လည်းကောင်း၊ ကမ်းပြိုဘေးဆက်လက်မဖြစ်ပွားစေရေး ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများ၊ ဖျာပုံမြို့နယ် ဗျိုင်းကဇီး ကျေးရွာ မီးဘေးတွင် မျိုးစပါးများဆုံးရှုံးမှုအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း သည့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ ဦးစီးဌာန အနေဖြင့် ကမ်းပြိုဘေးကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့ပေးနေသည့် နှုန်း ထားများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)