ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD)ကော်မတီ၏ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းအဖွဲ့အား လက်ခံတွေ့ဆုံမှုသတင်း

3_Pic_04

ဇွန် ၃၊  နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းအဖွဲ့နှင့် စင်္ကာပူနိုင်ငံအခြေစိုက် Asia Philanthropy Circle (APC)အဖွဲ့မှ  ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်းအဖွဲ့မှ စင်ကာပူနိုင်ငံအခြေစိုက် Asia Philanthropy Circle (APC) အဖွဲ့အစည်းနှင့် ပူးပေါင်း၍ ရခိုင် ပြည်နယ်မြောက်ဦးမြို့တွင် ငြိမ်းချမ်းရေး တက္ကသိုလ်တစ်ခုတည်ဆောက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရအပါအဝင် ဆက်စပ် ဝန်ကြီးဌာန အသီးသီးနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှုသဟဇာ တမျှတရေးနှင့် ထိုမှတဆင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အကူအညီဖြစ်စေခြင်း၊ Community Centre များ ဖွံ့ဖြိုးတိုးတက်လာစေခြင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည်တို့မှ တဆင့် အဆိုပါ ငြိမ်းချမ်းရေး တက္ကသိုလ်မှ ဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jun2019

Source:         MSWRR

 

Sign Up

Upcoming Events