လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ထုံးတောင် ကျေးရွာ၊ သဲတောကျေးရွာနှင့် ပိဿ လိမ်း(ကျင်း)ကျေးရွာတို့တွင် (၁-၆-၂၀၁၉) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂၅)လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ(၂၅)လုံး၊အိမ်ထောင်စု(၂၅)စု၊ လူဦးရေစုစုပေါင်း(၉၃)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၉၃) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၉၅၃၀၀/-)၊ အမိုးလန်နေအိမ်(၂၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၇၅၀၀၀/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၅၇၀၃၀၀ိ/-) ကျပ်တို့အား (၃-၆-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့်အတူ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး/စာရေးများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_jun2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)