လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ(၄) ရွာတွင် (၃၁-၅-၂၀၁၉) ရက်နေ့ (၁၆:၃၀) အချိန်၌ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း ၊ အိမ်ခြေ (၂၀) လုံး၊ အမိုးလန် အိမ်ထောင်စု (၂၀) စုတို့ လေဘေးသင့်ခဲ့ရာ အဆိုပါ လေဘေးသင့်အိမ်ခြေများနှင့် ဘုန်းကြီး ကျောင်းများအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ (၅၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၂၁၈၀၀/-) ကျပ်တို့အား (၃-၆-၂၀၁၉) ရက်နေ့ (၁၃:၀၀) အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိ သူများနှင့် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည် ။
#ha_sgw
#mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)