ပေါက်မြို့နယ်အတွင်းလေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်း (တ) ကျေးရွာနှင့် ညောင်ဝန်း (မ) ကျေးရွာတို့၌ (၂-၆-၂၀၁၉) ရက်နေ့၊ ညနေ (၁၆:၀၀) အချိန်တွင် လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေပြင်းတိုက်ခတ်မှု့ကြောင် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၅) စုမှ ကျား (၈)ဦး၊ မ(၁၁) ဦး၊ စုစုပေါင်း (၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၃၉၉၀၀/-) ကျပ်  စုစုပေါင်း(၂၈၉၉၀၀/-) တို့အား (၃-၆-၂၀၁၉) ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။

#ha_sgw

#mgy_jun2019 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events