Category Archives: News
-
သဘာဝဘေးလျော့ပါး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၉)ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာ၊ ရွာလယ်ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူရွာသား (၆၀)ဦးအား သဘာဝဘေးလျော့ပါးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် DAN Mobile Application အသုံးပြုပုံ နည်းလမ်းများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာနှင့် မငေးလေးကျေးရွာတို့တွင် ကျေးရွာ ပြည်သူများ၊ ပရဟိတအဖွဲ့ဝင်များအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများထဲသို့ DAN Mobile Application ထည့်သွင်းပေးခဲ့ရာ လူဦးရေ (၅၀) ဦးခန့် စိတ်ပါဝင်စားစွာနားထောင်ခဲ့ကြပါသည်။ ထို့ပြင် DAN Mobile Application ကြော်ငြာ စာစောင်များကို လူစည်ကားရာနေရာများ၌ ကပ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 … Read more
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၆.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အလက(၄)၌ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တမူးခရိုင်၊ တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၄-၆-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချခြင်း၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီး စသည့် သင်တန်းသုံး ပစ္စည်းများဖြည့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၄-၆-၂၀၁၉) ရက်နေ့မှ … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒဏ်ရာလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၂.၆.၂၀၁၉)ရက်၊ နံနက် (၀၈:၀၀)နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဒုံးဗူးကျေးရွာနေ ဦးထွန်းမောင် အသက် (၄၆)နှစ်သည် ရွာအနီး (၂)ဖာလုံခန့်အကွာရှိ ဒညင်းခင်းသို့ သွားရောက်ရာလမ်းတွင် မိုင်းနင်းသဖြင့် ညာခြေအောက်ပိုင်းပြတ်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသလျက်ရှိပါသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံငွေ (၅၀,၀၀၀/-)ကျပ်ကို (၂၃.၆.၂၀၁၉) ရက်နေ့တွင် လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် DAN Mobile Application အသုံးပြုပုံ နည်းလမ်းများပြန်လည်ဖြန့်ဝေပေးမှုသတင်း
(၂၃.၆.၂၀၁၉)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်အထိ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူး ရုံးတို့မှ အရာထမ်း၊ အမှုထမ်းအင်အား (၂၅)ဦးတို့ဖြင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် ပြည်သူများထံ ကြိုတင်သတိပေးချက်များ အချိန်နှင့်တပြေးညီပေးပို့နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်ထုတ်လုပ်ထားသည့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေးအတွက် သယံဇာတနှင့် သဘောဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ နမ္မတူမြို့နယ်ရှိပြည်သူများနှင့်တွေ့ဆုံမှုသတင်း
၂၃.၆.၂၀၁၉ ၊ နမ္မတူမြို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လူူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့သို့ ရောက်ရှိကြပြီး မြို့နယ် တိုက်ပွဲရှောင်ပြည်သူများကူညီထောက်ပံ့ရေးကော်မတီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် နမ္မတူမြို့ရှိ စုပေါင်း ခန်းမတွင် တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဖော်ဆောင်ခဲ့ကြောင်း၊ နိုင်ငံအတွင်း ဆောင်ရွက်ရန် … Read more
-
UEHRD ကော်မတီ၏ ဒုတိယဥက္ကဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ဇွန် ၂၂၊ ရန်ကုန် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ ဒုတိယဥက္ကဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ UEHRD ကော်မတီဝင်များနှင့် ကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) များ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့မွန်လွဲပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၉) ရက်နေ့တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) အဖွဲ့နှင့်ပူးပေါင်း၍ ကသာမြို့နယ်၊ ပုလွေရွှေ ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှု များကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊ မိုးကြိုးဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူ များအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_june2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၉) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ ကချင်ရွာ၊ တာချီလိတ်ပရဟိတကျောင်း၌ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် ဘေးကျရောက်လာပါက တုန့်ပြန် ဆောင်ရွက်သည့် အနေအထားများကို ဂိမ်းကစားခြင်းများဖြင့် ဆောင်ရွက်ခြင်းနှင့် လက်ကမ်း … Read more









