လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တမူးခရိုင်၊ တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၄-၆-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချခြင်း၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီး စသည့် သင်တန်းသုံး ပစ္စည်းများဖြည့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၄-၆-၂၀၁၉) ရက်နေ့မှ (၂၆-၆-၂၀၁၉) ရက်နေ့ထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jun2019
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)