ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒဏ်ရာလူနာအတွက် ထောက်ပံ့မှုသတင်း

24_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၂.၆.၂၀၁၉)ရက်၊ နံနက် (၀၈:၀၀)နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဒုံးဗူးကျေးရွာနေ ဦးထွန်းမောင် အသက် (၄၆)နှစ်သည် ရွာအနီး (၂)ဖာလုံခန့်အကွာရှိ ဒညင်းခင်းသို့ သွားရောက်ရာလမ်းတွင် မိုင်းနင်းသဖြင့် ညာခြေအောက်ပိုင်းပြတ်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသလျက်ရှိပါသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံငွေ (၅၀,၀၀၀/-)ကျပ်ကို (၂၃.၆.၂၀၁၉) ရက်နေ့တွင် လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#otr

#rke_jun2019

Source:   ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events