(၂၃.၆.၂၀၁၉)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်အထိ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူး ရုံးတို့မှ အရာထမ်း၊ အမှုထမ်းအင်အား (၂၅)ဦးတို့ဖြင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် ပြည်သူများထံ ကြိုတင်သတိပေးချက်များ အချိန်နှင့်တပြေးညီပေးပို့နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်ထုတ်လုပ်ထားသည့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#mon_jun2019
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)