သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် DAN Mobile Application အသုံးပြုပုံ နည်းလမ်းများဖြန့်ဝေပေးမှုသတင်း

24_Pic_01 24_Pic_02

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာနှင့် မငေးလေးကျေးရွာတို့တွင် ကျေးရွာ ပြည်သူများ၊ ပရဟိတအဖွဲ့ဝင်များအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများထဲသို့ DAN Mobile Application ထည့်သွင်းပေးခဲ့ရာ လူဦးရေ (၅၀) ဦးခန့် စိတ်ပါဝင်စားစွာနားထောင်ခဲ့ကြပါသည်။ ထို့ပြင် DAN Mobile Application ကြော်ငြာ စာစောင်များကို လူစည်ကားရာနေရာများ၌ ကပ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jun2019

Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events