Category Archives: News
-
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ရွှေကူမြို့နယ်၊ ရေလဲကျေးရွာနှင့် မိုးစစ်ကျေးရွာတို့တွင် (၁၈-၇-၂၀၁၉) ရက်နေ့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ကုန်း-မိုးစစ်-ရေလဲ ကားလမ်းမကြီး တာဘောင်ကြိုးပေါက်၍ လူနေအိမ်များ ရေနစ်မြုပ်ပြီး ပြောင်းရွှေ့အိမ်ထောင်စုများဖြစ်ကြသော မိုးစစ်ကျေးရွာ အိမ်ထောင်စု (၇၉) စု၊ လူဦးရေ (၄၃၅) ဦးတို့အတွက် (၁) ဦးလျင် (၇) ရက်စာဖိုးငွေ (၉၁၃,၅၀၀/-) ကျပ်နှင့် ရေလဲကျေးရွာ အိမ်ထောင်စု (၄၀) စု၊ လူဦးရေ (၂၄၉) ဦးတို့အတွက် (၁) ဦးလျင် (၇) ရက်စာဆန်ဖိုးငွေ … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာ ၌ (၁၈-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၆၂,၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၂၂-၇-၂၀၁၉) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် … Read more
-
မြစ်ရေကြီးခြင်း သတိပေးချက် (ညောင်ဦး)
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်အတွင်းရှိမြစ်ချောင်းများအနီးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများ၊ အရေးပေါ်အကူအညီလိုအပ်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့အကြောင်းကြားနိုင်ပါကြောင်း … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ယခုအခါ၌ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရေဘေးရှောင် ပြည်သူများသည် ၎င်းတို့၏ မူလနေအိမ်များသို့ပြန်လည် ပြောင်းရွှေ့ကြပြီး စခန်းများလည်းပိတ်သိမ်းပြီး ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်ရှ ိရေဘေးရှောင်ပြည်သူများမှာလည်း ၎င်းတို့၏မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိပြီး အချို့နေရာများတွင် ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။ (၁၉-၇-၂၀၁၉) နေ့အခြေအနေအရ- – စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဉီး၊ စစ်ကိုင်း၊ ကျောက်မြောင်း မြို့နယ်များ၌ အိမ်ထောင်စု (၂၆၀၀) ကျော်၊ လူဦးရေ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ လူငယ်အစည်းအရုံးမှ အထွေထွေအတွင်းရေးမှုးချုပ် ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ
လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပပြုလုပ်သော (၁၁)ကြိမ် မြောက် လူငယ်ရေးရာဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၇)ကြိမ်မြောက် လူငယ်ရေးရာဆိုင်ရာ အာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင် လူငယ်အစည်းအရုံးမှ အထွေထွေအတွင်းရေးမှုးချုပ် ဦးဆောင်သော အဖွဲ့နှင့်ယမန်နေ့ မွန်းလွဲပိုင်း၌ လာအိုပလာဇာဟိုတယ်တွင်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လူငယ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အတွေ့အကြုံမျှဝေဖလှယ်ရေး၊မြန်မာနိုင်ငံမှ စေတနာ့ဝန်ထမ်း လုပ်အားပေး လူငယ်များ၏ ပြည်သူ့အတွက် ရက်(၂၀) လှုပ်ရှားမှု အတွေ့အကြုံများ၊ လူငယ်ဆိုင်ရာမူဝါဒနှင့်ပတ်သက်၍ အသီးသီး … Read more
-
လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပပြုလုပ်သော (၁၁)ကြိမ် မြောက် လူငယ်ရေးရာဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၇)ကြိမ်မြောက် လူငယ်ရေးရာဆိုင်ရာ အာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ ပါသည်။ မြန်မာနိုင်ငံမှ လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် အာဆီယံလူငယ် ပရိုဂရမ်ဆိုင်ရာရန်ပုံငွေစဉ်ဆက်မပြတ်ထည့်ဝင်ရေးကိစ္စရပ်များ၊ အာဆီယံတက္ကသိုလ်ကျောင်း သားများကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုခိုင်မာရေး ကိစ္စရပ်များ၊ ၂၀၂၁-၂၀၂၅ တွင် အကောင်အထည်ဖေါ် ဆောင်ရွက်မည့် အာဆီယံလူငယ် လှုပ်ရှားမှုအစီအမံ ဖွံ့ဖြိုးတိုးတက်ရေး … Read more
-
မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၀.၇.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊အောင်မင်္ဂလာလမ်းနေ ဦးဇော်မျိုးနိုင်နှင့်ဒေါ်မြသိန်းတို့၏နေအိမ်များ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ဝိ/-)နှင့် လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ(၂၇၃၀ဝိ/-)၊ စုစုပေါင်း (၄၂၇၃၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါပုံး(၂)ပုံးအား (၂၁.၇.၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_jul2019 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး
-
ရေဘေးသင့် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဗန်းမော်ခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည်(၁၃-၇-၂၀၁၉)ရက်နေ့မှ(၁၆-၇-၂၀၁၉)ရက်နေ့ထိ ဧရာဝတီမြစ်မြစ်ရေမြင့်တက်မှုကြောင့် ကုန်ခါးကျေးရွာ၊ မံပင်ကျေးရွာ၊ ကျွန်းကြီးကျေးရွာ၊ မိုင်ကာကျေးရွာနှင့် မံမလင်းကျေးရွာတို့မှ ရပ်ရွာဘုန်းကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်များသို့ရွှေ့ပြောင်းလာသည် အိမ်ထောင်စု (၂၂၀)စု၊ လူဦးရေ(၁၂၁၃)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၂၅၄၇၃၀ဝိ/-) တိတိအား (၂၀.၇.၂၀၁၉)နေ့တွင် ဘေးသင့်ကျေးရွာပြည်သူ့ထံသို့အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_jul2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး
-
မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့နယ်၊ ထုံးရဲကျေးရွာ၊ သက္ကယ်ချင်းကျေးရွာ၊ ပိန္နဲချောင်းကျေးရွာတို့မှ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် (၁၈.၇.၂၀၁၉)ရက်နေ့တွင် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်ရွှေ့အိမ်ထောင်စု(၁၇)စု၊ လူဦးရေ(၈၀)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၆၈၀၀၀ိ/-)အား (၂၀.၇.၂၀၁၉)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဦးသန်းနှင့်အတူ ကယ်ဆယ်ရေးစခန်းများသို့ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_jul2019 Source: ကသာခရိုင်ဦးစီးမှူးရုံး
-
ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှအကူအညီပေးရန် အဆိုပြုမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
နေပြည်တော်၊ ဇူလိုင် ၁၈ ရခိုင်ပြည်နယ်ရှိမြို့နယ်အချို့နှင့်ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများအား ကုလသမဂ္ဂအဖွဲ့အစည်းများမှအကူအညီပေးရန် အဆိုပြုမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးအောင် တက်ရောက်ခဲ့ပါသည်။ ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်ရှိသော တိုက်ပွဲရှောင်ပြည်သူများကို ကုလသမဂ္ဂအဖွဲ့အစည်းများမှ နိုင်ငံတော်အစိုးရ ဦးဆောင်မှုဖြင့် ကူညီလိုကြောင်း တင်ပြခဲ့မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဏားကျွန်း … Read more









