မြစ်ရေကြီးခြင်း သတိပေးချက် (ညောင်ဦး)

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ်အတွင်းရှိမြစ်ချောင်းများအနီးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများ၊ အရေးပေါ်အကူအညီလိုအပ်မှုများနှင့်စပ်လျဉ်း၍ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ၀၆၇၃၄၀၄၆၆၆/ ၀၆၇၃၄၀၄၇၇၇ တို့သို့ သတင်းပေးပို့အကြောင်းကြားနိုင်ပါကြောင်း အကြံပြုအပ်ပါသည်။      

Sign Up

Upcoming Events