ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ လူငယ်အစည်းအရုံးမှ အထွေထွေအတွင်းရေးမှုးချုပ် ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ

21_Pic_02

လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပပြုလုပ်သော (၁၁)ကြိမ် မြောက် လူငယ်ရေးရာဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၇)ကြိမ်မြောက် လူငယ်ရေးရာဆိုင်ရာ အာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင် လူငယ်အစည်းအရုံးမှ အထွေထွေအတွင်းရေးမှုးချုပ် ဦးဆောင်သော အဖွဲ့နှင့်ယမန်နေ့ မွန်းလွဲပိုင်း၌ လာအိုပလာဇာဟိုတယ်တွင်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့သို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား လူငယ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အတွေ့အကြုံမျှဝေဖလှယ်ရေး၊မြန်မာနိုင်ငံမှ စေတနာ့ဝန်ထမ်း လုပ်အားပေး လူငယ်များ၏ ပြည်သူ့အတွက် ရက်(၂၀) လှုပ်ရှားမှု အတွေ့အကြုံများ၊ လူငယ်ဆိုင်ရာမူဝါဒနှင့်ပတ်သက်၍ အသီးသီး အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ နှင့်တိုးတက်မှုများ၊ နှစ်နိုင်ငံဆက်ဆံရေးအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များ၊ လာအိုနိုင်ငံနှင့် နှစ်နိုင်ငံ လူငယ်များအချင်းချင်း ချစ်ကြည်စွာပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံနိုင်ငံများအားလုံးရှိလူငယ်များ တစိတ်တဝမ်းတည်း အပြန်အလှန် ကူညီဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
#hl1

ource: MSWRR
ဇူလိုင် ၂၀၊ လာအို

Sign Up

Upcoming Events