ရေဘေးသင့် ပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

 

21_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဗန်းမော်ခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည်(၁၃-၇-၂၀၁၉)ရက်နေ့မှ(၁၆-၇-၂၀၁၉)ရက်နေ့ထိ ဧရာဝတီမြစ်မြစ်ရေမြင့်တက်မှုကြောင့် ကုန်ခါးကျေးရွာ၊ မံပင်ကျေးရွာ၊ ကျွန်းကြီးကျေးရွာ၊ မိုင်ကာကျေးရွာနှင့် မံမလင်းကျေးရွာတို့မှ ရပ်ရွာဘုန်းကြီးကျောင်းနှင့် ဆွေမျိုးနေအိမ်များသို့ရွှေ့ပြောင်းလာသည် အိမ်ထောင်စု (၂၂၀)စု၊ လူဦးရေ(၁၂၁၃)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၂၅၄၇၃၀ဝိ/-) တိတိအား (၂၀.၇.၂၀၁၉)နေ့တွင် ဘေးသင့်ကျေးရွာပြည်သူ့ထံသို့အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#kcn_jul2019

Source:         ဗန်းမော်ခရိုင်ဦးစီးမှူးရုံး

 

Sign Up

Upcoming Events