လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်၊ ရွှေကူမြို့နယ်၊ ရေလဲကျေးရွာနှင့် မိုးစစ်ကျေးရွာတို့တွင် (၁၈-၇-၂၀၁၉) ရက်နေ့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ကုန်း-မိုးစစ်-ရေလဲ ကားလမ်းမကြီး တာဘောင်ကြိုးပေါက်၍ လူနေအိမ်များ ရေနစ်မြုပ်ပြီး ပြောင်းရွှေ့အိမ်ထောင်စုများဖြစ်ကြသော မိုးစစ်ကျေးရွာ အိမ်ထောင်စု (၇၉) စု၊ လူဦးရေ (၄၃၅) ဦးတို့အတွက် (၁) ဦးလျင် (၇) ရက်စာဖိုးငွေ (၉၁၃,၅၀၀/-) ကျပ်နှင့် ရေလဲကျေးရွာ အိမ်ထောင်စု (၄၀) စု၊ လူဦးရေ (၂၄၉) ဦးတို့အတွက် (၁) ဦးလျင် (၇) ရက်စာဆန်ဖိုးငွေ (၅၂၂,၉၀၀/-) ကျပ်၊ စုစုပေါင်းအိမ်ထောင်စု (၁၁၉) စု၊ လူဦးရေ (၆၈၄) ဦးတို့အတွက် (၁,၄၃၆,၄၀၀/-) ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၂၂-၇-၂၀၁၉) ရက်နေ့၊ နေ့လည် (၁၂းဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#kcn_jul2019