
၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ယခုအခါ၌ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရေဘေးရှောင် ပြည်သူများသည် ၎င်းတို့၏ မူလနေအိမ်များသို့ပြန်လည် ပြောင်းရွှေ့ကြပြီး စခန်းများလည်းပိတ်သိမ်းပြီး ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်ရှ ိရေဘေးရှောင်ပြည်သူများမှာလည်း ၎င်းတို့၏မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့လျက်ရှိပြီး အချို့နေရာများတွင် ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။ (၁၉-၇-၂၀၁၉) နေ့အခြေအနေအရ-
– စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ခင်ဉီး၊ စစ်ကိုင်း၊ ကျောက်မြောင်း မြို့နယ်များ၌ အိမ်ထောင်စု (၂၆၀၀) ကျော်၊ လူဦးရေ (၁၂၅၀၀) ကျော်တို့သည်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၌ သပိတ်ကျင်း ၊စဉ့်ကူး၊ စဉ့်ကိုင်၊ တံတားဉီးမြို့နယ်များတွင် အိမ်ထောင်စု (၂၁၀၀) ခန့်၊ လူဦးရေ (၉၅၀၀) ကျော်တို့သည်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ နယ်၌ အိမ်ထောင်စု (၂၀) ကျော်၊ လူဦးရေ (၉၀) ကျော်တို့သည်လည်းကောင်း ယာယီရေဘေး ရှောင်နေရာများ၌ ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ ဖွဲ့များနှင့် ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်းကျပ် (၉၆၇) သိန်းကျော်ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ပြည်သူများအနေဖြင့်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ချက်များ၊ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များကို အလေးထားဂရုပြုလိုက်နာရန်နှင့် အကူအညီ လိုအပ်ပါကဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ဖြစ်စေ အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှနှိုးဆော်ထားပါသည်။
#ha_fld
#npw_jul2019
Source: Relief Section