လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၀.၇.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊အောင်မင်္ဂလာလမ်းနေ ဦးဇော်မျိုးနိုင်နှင့်ဒေါ်မြသိန်းတို့၏နေအိမ်များ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ(၂)လုံး အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ဝိ/-)နှင့် လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ(၂၇၃၀ဝိ/-)၊ စုစုပေါင်း (၄၂၇၃၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါပုံး(၂)ပုံးအား (၂၁.၇.၂၀၁၉)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#krn_jul2019
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး