လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာ ၌ (၁၈-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ(၁၆၂,၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၂၂-၇-၂၀၁၉) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events