Category Archives: News
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ (၇-၈-၂၀၁၉) ရက်နေ့တွင် မြစ်ရေ မြင့်တက်ပြီး ရပ်ကွက်ကျေးရွာများအတွင်းရေဝင်ရောက်မှုကြောင့် ချောင်းငယ်ရပ်ကွက်၊ ရိပ်သာဘုန်းကြီး ကျောင်းနှင့် ဘန်းသဲကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၅၄) ဦးအတွက် ဆန် (၂၆၉) ပြည် (၄) ဘူးနှင့် (၈-၈-၂၀၁၉) ရက်နေ့တွင် ချောင်းကြီးရပ်ကွက် ဘုန်းကြီးကျောင်းနှင့် တနင်္သာရီ မြို့တော် ခန်းမသို့ ထပ်မံရွှေ့ပြောင်းရသည့် အိမ်ထောင်စု (၂၃) စုမှ လူဦးရေ (၁၀၉) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စုတွင်(၂-၈-၂၀၁၉)ရက်နေ့၊(၂၀:၃၀)နာရီအချိန်၌ ဖြစ်ပွားသော လေဘေးကြောင် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၅၉)လုံးမှ လူဦးရေ(၄၀၄)ဦးအတွက် အိမ်ဆောက်ဖိုးထောက်ပံ့ငွေကျပ်(၂၈,၆၀,၀၀၀/-)နှင့် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၈,၄၈,၄၀၀/-)တို့အား(၈-၈-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ) #ha_sgw #ygn_aug 2019
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ မိုးစစ်-ရေလဲကျေးရွာ၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၉,၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၉,၄၀၀/-) ကျပ်တို့အား (၈-၈-၂၀၁၉) ရက်နေ့၊ (၁၂း၄၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၉)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စု ဓမ္မာရုံတွင် ပြည်သူလူထု(၁၂၀)ဦးအား သဘာဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ၊ဗီနိုင်းပိုစတာများအားဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_aug 2019 Source; ရန်ကုန်တိုင်းဒေသကြီးဦးစီမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ အသုတ်မြို့၊ သစ်ငုတ္ထထောင်ကျေးရွာအုပ်စု၊ သစ်ငုတ္ထထောင်မြောက်စုကျေးရွာ၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီး နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅,၂၀၀/-) ကျပ်တို့အား (၉-၈-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #ayy_aug2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေး မြို့နယ် ခနောင်ကျေးရွာအုပ်စု၊ ရပ်ဖရုံကျေးရွာနှင့်အရှေ့ကွင်းကျေးရွာတို့တွင်(၆-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး၊ဓနိကာ)နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေကျပ်(၃၃၆၀၀/-)၊ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၅) အိမ်ထောင် စာတန်ဖိုး(၁၈၈၇၆၅/-)၊ စုစုပေါင်းထောက်ပံ့ငွေတန်ဖိုး(၇၂၂၃၆၅/-)ကျပ်ကို(၈-၈-၂၀၁၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင်ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_aug 2019
-
မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့မှစ၍ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဒုံသမိမြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေး စခန်း (၄)ခုသို့ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ခြေ(၇၆)လုံး၊ အိမ်ထောင်စု(၇၆)စုမှ လူဦးရေ(၄၁၂)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ (၈၆၅,၂၀၀/-) ကျပ်တို့ကို (၈.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အောင်ချမ်းသာအုပ်စုနှင့် ပန်းတောချောင်းကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာတို့တွင် ( ၆-၈-၂၀၁၉)ရက်နေ့က (၁၆း၁၅)နာရီးအချိန်၌ လေပြင်းတိုက်ခတ်ခြင်းကြောင့် အိမ်ခြေ (၁)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံး အမိုးလန်ခြင်းနှင့် ဘေးအကာများပျက်စီးခဲ့ရာ လေပြင်းဘေးခံစားရသောမိသားစု(၆)စုမှ လူဦးရေ(၂၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၅၀၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၉၉၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၈၉၉၀၀/-)အား (၈-၈-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_aug 2019 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့တွင် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ကျားဘိုကျေးရွာ၊ ကျွဲခြံကျေးရွာ၊ အဟောက်ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၆)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၅၄,၆၀၀/-)၊ စုစုပေါင်း (၆၅၄,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု (၆)စုစာ (တန်ဖိုးငွေ-၂၂၁,၂၆၈/-)ကျပ်အား လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၂၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၂၈,၀၀၀/)ကျပ်၊ လူဦးရေ(၁၁၂)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ(၂၃၅,၂၀၀/-)ကျပ်၊ စုစုပေါင်း( ၂,၄၁၇,၈၀၀/-)ကျပ်နှင့် ဒဏ်ရာရလူနာ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဇွဲကနာကျေးရွာ၊ မြကိုင်းကျေးရွာ၊ အေးချမ်းသာယာကျေးရွာတို့တွင် (၆-၈-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီးအချိန်၌ လေပြင်း တိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင့် အိမ်ခြေ(၂)လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ(၈)လုံး အမိုးလန်ခြင်းနှင့် ဘေးအကာများပျက်စီးခဲ့ရာ လေပြင်းဘေးခံစားရသော မိသားစု(၁၀)စုမှ လူဦးရေ(၄၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၆၅၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၉၂၄၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၄၅၇၄၀၀/-) အား (၇-၈-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ygn_aug 2019









