လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အောင်ချမ်းသာအုပ်စုနှင့် ပန်းတောချောင်းကျေးရွာအုပ်စု၊ ပျဉ်းမကုန်းကျေးရွာတို့တွင် ( ၆-၈-၂၀၁၉)ရက်နေ့က (၁၆း၁၅)နာရီးအချိန်၌ လေပြင်းတိုက်ခတ်ခြင်းကြောင့် အိမ်ခြေ (၁)လုံးပြိုကျပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံး အမိုးလန်ခြင်းနှင့် ဘေးအကာများပျက်စီးခဲ့ရာ လေပြင်းဘေးခံစားရသောမိသားစု(၆)စုမှ လူဦးရေ(၂၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၅၀၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၃၉၉၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၈၉၉၀၀/-)အား (၈-၈-၂၀၁၉) ရက်နေ့တွင်  လေဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ygn_aug 2019

Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events