လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေး မြို့နယ် ခနောင်ကျေးရွာအုပ်စု၊ ရပ်ဖရုံကျေးရွာနှင့်အရှေ့ကွင်းကျေးရွာတို့တွင်(၆-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး၊ဓနိကာ)နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေကျပ်(၃၃၆၀၀/-)၊ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၅) အိမ်ထောင် စာတန်ဖိုး(၁၈၈၇၆၅/-)၊ စုစုပေါင်းထောက်ပံ့ငွေတန်ဖိုး(၇၂၂၃၆၅/-)ကျပ်ကို(၈-၈-၂၀၁၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင်ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_aug 2019