လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၈.၂၀၁၉)ရက်နေ့တွင် ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ကျားဘိုကျေးရွာ၊ ကျွဲခြံကျေးရွာ၊ အဟောက်ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၆)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၅၄,၆၀၀/-)၊ စုစုပေါင်း (၆၅၄,၆၀၀/-) ကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ အိမ်ထောင်စု (၆)စုစာ (တန်ဖိုးငွေ-၂၂၁,၂၆၈/-)ကျပ်အား လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၂၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၂၈,၀၀၀/)ကျပ်၊ လူဦးရေ(၁၁၂)ဦးတို့အတွက် (၇)ရက်စာဆန်ဖိုးငွေ(၂၃၅,၂၀၀/-)ကျပ်၊ စုစုပေါင်း( ၂,၄၁၇,၈၀၀/-)ကျပ်နှင့် ဒဏ်ရာရလူနာ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၄၆၇,၈၀၀/-) ကျပ်တို့ကို (၈.၈.၂၀၁၉)ရက်နေ့ တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_aug2019
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)